Main menu

တန်မြင့်ဆန်များထုတ်လုပ်နေသည့် ရွှေဝါနဒီဆန်စက်

Powered by Drupal

     ရွှေဝါနဒီဆန်စက်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ ရန်ကုန်၊ ပုသိမ်လမ်းမကြီး၊ မိုင်တိုင် (၁၉/၃-၁၉/၅) အကြားတွင် တည်ရှိပါသည်။

    ရွှေဝါနဒီဆန်စက်အကျယ်အဝန်းမှာ ( ၁၆.၂၆ )ဧကခန့်ရှိပြီး၊ (၂၀၁၉-၂၀၂၀) ခုနှစ်တွင် စပါးများကို စတင်ကြိတ်ခွဲထုတ်လုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ (၁၀၈၅၄.၇၁/-)ကျပ်သန်း ရင်းနှီးမြုပ်နှံထားရှိကြောင်းနှင့် ဝန်ထမ်းဦးရေ (၁၁၇) ဦး၊ လုပ်သားဦးရေ  (၄၀၀) ဦးခန့်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဝါနဒီဆန်စက်ပိုင်ရှင် ဦးလူမြင့်မောင်က စတင်ရှင်းပြခဲ့ပါသည်။

    ရွှေဝါနဒီစက်ရုံအတွင်း တည်ဆောက်ထားသည့် အဆောက်အဦနှင့် သိုလှောင်ရုံများမှာ ရုံအဆောက်အဦ (၂)လုံး၊ ဝန်ထမ်းအဆောင် (၂) ထပ်နှင့် (၃) ထပ်ဆောင် (၂) လုံး၊ အလုပ်သမားအဆောင် (၂) လုံး၊ မီးစက်နှင့်ဓာတ်အားခွဲ (၂) လုံး၊ ကုန်တင်ကတ္တား (၂) လုံး၊ စပါးသန့်စင်စက် ( INDIA ) (၂) လုံး၊ စပါးအခြောက်ခံစက် (INDIA) (၃၀တန် x ၈လုံး) ၊ စပါးသိုလှောင်ရုံ  SILO (INDIA) (၆၀၀တန်x ၁၀လုံး) စပါးသိုလှောင်ရုံ၊ Warehouse (၂) လုံးရှိပြီး မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၌ ရွှေဝါနဒီစက်ရုံသို့သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ရွှေဝါနဒီဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်က လိုက်လံရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

     ထို့ပြင် စပါးအခွံချွတ်စက်၊ Husker ( SATAKE, JAPAN ) ဆန်အချောထုတ်လုပ်စက်၊ Rice Mill (SATAKE, JAPAN )၊ ဆန်ကွဲပြန်လည်သန့်စင်စက် (China ) များကိုတပ်ဆင်အသုံးပြုထားပြီး၊ တန်မြင့်ဆန်များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံခြားဈေးကွက်အထိ အရည်အသွေးမြှင့်ဆန်များထုတ်လုပ်ဆောင်ရွက်မှုများကို အသေးစိတ်ထပ်မံ တင်ပြဆွေးနွေးခဲ့ပါသည်။

     ရွှေဝါနဒီဆန်စက်၏ စက်ကြိတ်ခွဲအင်အားနှင့် သိုလှောင်နိုင်မှုအင်အားများကို ထပ်မံရှင်းပြရာ ဆန်စက်စက်ကြိတ်အင်အားအနေဖြင့် (၂၄) နာရီလျှင် (၄၄၀) တန်ကြိတ်ခွဲနိုင်ပြီး၊ ပြန်လည်သန့်စင်ခြင်းအနေဖြင့် (၂၄) နာရီလျှင် (၁၂၀) တန်ထိထုတ်လုပ်နိုင်ကြောင်းကို လိုက်လံပြသရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      Shwe Wah Nadi Agriculture Production Co.,Ltd အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးထုတ်လုပ်သူတောင်သူများထံမှ (၂၀၁၉-၂၀၂၀) ခုနှစ်တွင် စပါးတင်း (၇) သိန်းခန့်နှင့် (၂၀၂၀-၂၀၂၁) ခုနှစ်တွင် (၁၂) သိန်းခန့်၊ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် (၁၆.၆ ) သိန်းခန့်၊ (၂၀၂၂-၂၀၂၃) ခုနှစ်မှ ယခုအချိန်ထိ (၂၅.၈) သိန်းခန့်ထိဝယ်ယူကြိတ်ခွဲခဲ့ပြီး၊ ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များထံမှလည်း နှစ်စဉ် ဆန်အိတ် (၉) သိန်းခန့်ဝယ်ယူပြန်လည်ကြိတ်ခွဲ၍ ပြည်ပနိုင်ငံများသို့ Shwe  Wah Nadi Agriculture Production Co., Ltd မှတစ်ဆင့် ပြန်လည်ရောင်းချခဲ့ပေးကြောင်း ရွှေဝါနဒီဆန်စက်ပိုင်ရှင်က အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ရွှေဝါနဒီဆန်စက်၏ တန်မြင့်ဆန်ထုတ်လုပ်နေမှု၊ နိုင်ငံခြားဈေးကွက်ရရှိမှုနှင့် တောင်သူများ၏ စပါးအရည်အသွေး အလိုက် ဈေးကောင်းပေးဝယ်ယူမှုတို့အပေါ်  အားရကျေနပ်မှုရှိကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွက် ရွှေဝါနဒီဆန်စက်၏ ဆန်စပါးဈေးကွက်အောင်မြင်မှုများကို တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်အနေဖြင့်လည်း ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)