Main menu

အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် MV -Moon Light သင်္ဘောဖြင့် သယ်ဆောင်လာသည့် အခြေခံစားကုန်များအား ၂၀၂၄ ခုနှစ်၊ဇန်နဝါရီ (၁၃)ရက်နှင့် (၁၄)ရက်နေ့များတွင် စစ်တွေမြို့ ၊ မြို့တော်ခန်းမ ၊ ရွှေသဇင်ပန်းခြံတွင် ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ ရောင်းချရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၏ ကြီးကြပ်မှုဖြင့် အခြေခံစားကုန်များကို ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ သမဝါယမဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီ(ပုလင်း) တစ်ပိဿာ(၆၂၀၀)ကျပ် ၊ ငရုပ်သီးခြောက် တစ်ပိဿာ (၁၆၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ(၁၄၀၀၀)ကျပ်  ၊ ကြက်သွန်နီ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ဟင်းချိုမှုန့်တစ်ပိဿာ (၁၀၅၀၀) ကျပ်နှုန်းထားဖြင့် ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၂)ပိဿာ ၊ ငရုပ်သီးခြောက်(၃၀)ကျပ်သား၊ ကြက်သွန်ဖြူ(၁၅)ကျပ်သား ၊ ကြက်သွန်နီ(၄၀)ကျပ်သား ၊ ဟင်းချိုမှုန့်(၁၀) ကျပ်သားကျစီ စစ်တွေမြို့တွင်ဖြစ်ပေါ်နေသော ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းများဖြင့် ဝန်ထမ်း (၆၃၅၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)