ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် (၁၀-၁-၂၀၂၄)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ မြို့မဈေး၊ ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ကုန်မျိုးစုံအား မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ တိမွေးကု၊ ငါးမွေးမြူရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
အဆိုပါစစ်ဆေးမှူတွင် စည်ပင်သာယာရေးအဖွဲ့က အသားအမျိုးမျိုးရောင်းချသူများအား သတ်မှတ်လိုင်စင်များစစ်ဆေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်ရောင်းချသူများအား တာရှည်ခံဓာတုဆေးဝါးများကိုမသုံးစွဲဘဲ သဘာဝအတိုင်းရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးခဲ့ပြီးနောက် စစ်ဆေးခြင်းကိုလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အေးခဲအသားများရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး(အငယ်တန်းစာရေး)က ဈေးအတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆက်လက်၍ ရောင်းချသူကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက ဖြစ်ပေါ်လာသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရသည့် ကိစ္စရပ်များကို ရှင်းလင်းခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များကိုရှင်းလင်းခဲ့ပြီးနောက် ကုန်စည်အမျိုးမျိုးကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ဓနုဖြူမြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)