ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်စတိုးဆိုင်များသို့သွားရောက်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးပြင်ပ/ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးစတိုးဆိုင်နှင့် စတိုးဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ သုံးစွဲသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ တရားဝင်ခွင့်ပြုချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့အား မိမိတို့၏ဆိုင်များတွင် ရောင်းချခြင်းများမပြုစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းတို့ကို မိမိတို့၏ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေခြင်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)