Main menu

“ ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

  ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဈေးနှုန်းများမှာ  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၄၀၀-၃၆၀၀)ကျပ်ထိ၊ မီးဒုံးဆန်(ရိုးရိုး)တစ်ပြည်လျှင် (၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၄၇၀၀-၄၈၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၄၀၀-၅၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၁၅၀)ကျပ်၊ ယခုအပတ်တွင် ဈေးနှုန်းအတက်အကျမရှိဘဲ (၅၁၅၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (အမွှာ) တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ လျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊  ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့်(အရှည်) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငရုတ်တောင့် (အပု) တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ ကုလားပဲဆံခြမ်းတစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အလားတူပင် ဗမာကြက်တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)