Main menu

“တွံတေးမြို့နယ်ရှိ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့် တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်စတိုးဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များကို အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့၊ အုန်းပင်စုရပ်ကွက်၊ မင်းပိုင်ရပ်ကွက်များရှိ ဆေးဆိုင်များ၊ စတိုးဆိုင်ကြီးများသို့ သွားရောက်ခဲ့ကာ ဈေးကွက်အတွင်းရောင်းချနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သော Baby Mild ကုန်အမှတ်တံဆိပ်၊ ပေါင်ဒါ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဝိုင်အိုလတ်ပေါင်ဒါနှင့် Phay Phay အမှတ်တံဆိပ်တစ်ရှူးအစိုတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဆိုင်ပိုင်များအနေဖြင့် မိမိတို့၏ဆိုင်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော၊ သုံးစွဲသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေနိုင်သော ကုန်ပစ္စည်းများကိုသာဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော၊ သက်တမ်းကုန်ဆုံးနေသော၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့ကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)