Main menu

ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အဝင်များလာပြီး အရောင်းအဝယ်သွက်နေခဲ့

Powered by Drupal

    ဆောင်းပဲသစ်များ ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်းသီးနှံသစ်များလည်း ပဲအထွက်လှိုင်ချိန်ဖြစ်ခဲ့သောကြောင့် နေ့စဉ် ပဲဈေးကွက်သို့ အများအပြားဝင်ရောက်ခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် ပေါင်းတလည်၊ ပေါက်ခေါင်း၊ မင်းတုန်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခြင်းဖြစ်ပြီး တစ်ရက်အိတ်လျှင် ၁၀၀၀အိတ်ကျော်အထိအဝင်များခဲ့ပါသည်။ ပဲအဝင်များပြီး ဝယ်လိုအားမှာလည်း အဝင်ရှိသလောက် ဝယ်ယူကြသောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ပြီး မန္တလေးလိုင်းသမားများက အဓိကထားဝယ်ယူမှုရှိသည့်အပြင် ရန်ကုန်လိုင်းသမားများလည်း ဝယ်ယူကြသည်ဟုသိရပါသည်။ ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၆၉၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးရရှိကာ ယခင်နှစ်ကုန်ပိုင်းကာလ၌ ရရှိခဲ့သောဈေးနှုန်းထက် ဈေးနှုန်းထပ်မံမြင့်တက်လာသည်ဟုသိရှိရပါသည်။ ၂၀၂၃နှစ်ကုန်ပိုင်းကာလ ပဲတီစိမ်းသီး၏ပေါက်ဈေးမှာ ပိဿာ(၂၀)ဝင်တစ်တင်း ၆၄၀၀၀ကျပ်ခန့်သာရရှိသည်ဟုသိရပါသည်။

DOCA(ပဲခူး)