Main menu

ကံမမြို့နယ်တွင် အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၁၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင်  ကံမမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် ရေနံ့သာ၊ စပယ်ခြုံ၊ ကျွန်းကလေး၊ ကညင်တိုင်း၊ ကျောက်ပဒေါင်း၊ ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့်  စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀) ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသကုန်သည်လုပ်ငန်းရှင်များအား စားအုန်းဆီများကို သက်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခပေါင်း၍ အမြတ်နည်းနည်းထက်မပိုသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်တို့ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)