Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံး၏ Community Center ခန်းမတွင် စားသုံးသူကာကွယ်ပေးရေး Talk Show အစီအစဉ်အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၁၇-၁-၂၀၂၄)ရက်နေ့၊  နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါစီအစဉ်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းတို့က အဓိကပါဝင်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများလည်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

     အခမ်းအနားတွင်  ကျိုက်လတ်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ    မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၉)ပါ ဥပဒေပုဒ်မ(၁၉)နှင့် (၂၀)တွင်ပြဋ္ဌာန်းထားသော စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ထုတ်ပြန်ထားသော အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊   အခန်း(၁၀)၊  ဥပဒေပုဒ်မ( ၂၁ )ပါ   စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်( ၁၁  )ချက်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)