Main menu

ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် ကိုက်လန်ပင် စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ၊ မိသားစု စားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် ကိုက်လန်ပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

   ကိုက်လန်ပင်ကို မျိုးစေ့ပျိုးရန် မျိုးစေ့ကို အရင်ပျိုးထားပြီး ပျိုးပင်သက်(၁)လအကြာတွင် စတင်စိုက်ပျိုးနိုင်ပါသည်။ ကိုက်လန်ပင်ကို စက်တင်ဘာလတွင်စတင် စိုက်ပျိုးကာ နိုဝင်ဘာလ၌ စတင်ခူးဆွတ်ရောင်းချရပါသည်။ ယခုစိုက်ပျိုးထားသော ကိုက်လန်ပင်၏ အပင်အရေ အတွက်အားဖြင့် (၅၀၀၀)ခန့်ရှိပြီး တစ်ကျင်းလျှင် တစ်ပင်ခန့် စိုက်ပျိုးထားခြင်ဖြစ်ပါသည်။  ကိုက်လန်ပင်များ ကို (၅)ရက်လျှင်တစ်ကြိမ် ရေပေးရပါသည်။ ထွန်ယက်မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ(၂)သိန်းခန့် ကုန်ကျနိူင်ပြီး ကိုက်လန်ဖူးများကို ခေါင်ညွှန့်စခူးတဲ့အချိန်တွင် တစ်ရက်ကို (၅၀)စည်းခန့်သာ ဆွတ်ခူးရကာ နောက်အတက်ပေါက်များ ခူးဆွတ်ချိန်တွင် တစ်ရက်ကိုအစည်း(၃၀၀)ခန့် ခူးဆွတ်၍  တစ်စည်းကို ပေါ်ဦးပေါ်ဖျားတွင် ကျပ်(၃၀၀)ဈေးရောင်းရပြီး ယခုဇန်နဝါရီလ လှိုင်လှိုင်ပေါချိန်တွင် ကိုက်လန်တစ်စည်းကိုကျပ်(၂၀၀)ဖြင့် နေ့စဉ်ခူးဆွတ်ရောင်းချရပါသည်။

    ကိုက်လန်ပင်သည် အနည်းဆုံးခူးဆွတ်ရသည့်ကာလမှာ (၂)လကျော် ကြာမြင့်သဖြင့် တွက်ချေကိုက်သော စားဖိုဆောင်သီးနှံပင်ဖြစ်သည့်အတွက် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသော အပင်ဖြစ်၍ စိုက်ပျိုးသင့်သော အပင်ဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်အတွင်း  ကိုက်လန်ပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)