Main menu

“အစာလည်းဆေး ဆေးလည်းအစာ” ထိုင်ဝမ်မုန့်ညှင်း၏ ကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ရာသီအလိုက် စားဖိုဆောင်သီးနှံများစိုက်ပျိုးကာ “ကန့်ဘလူမြို့မဈေး”တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ စီးပွားဖြစ်စိုက်ပျိုးကြသူများရှိသကဲ့သို့ တစ်ချို့မှာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။

  ယခုအချိန်သည် ကုန်စိမ်းဟုခေါ်သော အသီးအရွက်မျိုးစုံထွက်ရှိသည့်အချိန်ဖြစ်၍ ကန့်ဘလူမြို့မဈေးတွင် အသီးအရွက်များ မျိုးစုံရောင်းချလျက်ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း”များ ရောင်းချလျက်ရှိသည်။ “ထိုင်ဝမ်မုန့်ညှင်း”၏အရသာမှာ တစ်မူထူးခြားပြီး အစိမ်းကြော်၍လည်းကောင်း၊ ဟင်းရည်သောက်ချက်၍လည်းကောင်း စားသုံးကြသည်။ သတ်သတ်လွတ်စားသူများအတွက် အကောင်းဆုံးဟင်းလျာတစ်ခွက်လည်းဖြစ်ပါတယ်။ ထိုင်ဝမ်မုန့်ညှင်းပင်မှာ ကင်ဆာဆန့်ကျင်ပစ္စည်းနဲ့ အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းတွေ အများအပြားပါဝင်ပါတယ်။ အူမကြီးကင်ဆာဖြစ်စေတဲ့ အဖုအကျိတ်တွေကို ကြီးထွားမလာအောင် တားဆီးနိုင်သလို အစာအိမ်ကင်ဆာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပြီး အစာအိမ်နာကျင်တဲ့ ရောဂါတွေကို ပျောက်စေပါ တယ်။ မကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ကိုယ်ခံအားကို တိုးစေနိုင်ကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့မဈေးရှိ အသီးအရွက်ရောင်းချသူများသည် စားသုံးသူများကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း ”များကို အသေးတစ်ထုပ်လျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်ထုပ်လျှင်  ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း အသီးအရွက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)