Main menu

မော်လမြိုင်မြို့နယ် ဆန်ကုန်သည်အသင်းဖွဲ့စည်း

Powered by Drupal

    မော်လမြိုင်မြို့နယ်၊ ဆန်ကုန်သည်အသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ၂၂.၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ပြီး ဆန်ကုန်သည် (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်များတွင် အသင်းအဖွဲ့များ အားကောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်းဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းက ပိုမိုထိရောက်မှုရှိကြောင်း ပြောကြားခဲ့ပြီးနောက် မွန်ပြည်နယ်ဆန်ကုန်သည်အသင်းနာယကက အမှာစကားပြောကြားခဲ့ပါသည်။

   ထို့နောက် မော်လမြိုင်မြို့နယ် ဆန်ကုန်သည်အသင်း၏ အလုပ်အမှုဆောင်များကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အသင်း၏ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊  စာရင်းစစ်အပါအဝင် အလုပ်အမှုဆောင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)