ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးက ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များနှင့် ဈေးကွက်အတွင်းသို့သွားရောက်ကာ ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့စစ်ဆေးရာတွင် သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ သတင်း/နည်းဌာနခွဲတာဝန်ခံ၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတို့သည် (၂၂-၁- ၂၀၂၄) ရက်နေ့တွင် မင်းလှမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ဒေါ်စိုးစိုးကုန်စုံဆိုင်နှင့် အခြားကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားအုံးဆီခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေ၊ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ စားအုံးဆီကို အရောဆီပြုလုပ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို သတိပေးပြောကြားခဲ့ပါသည်။ ဆိုင်ပေါ်တွင် တင်ရောင်းထားသော ပါကင်ဘူးတံဆိပ်ပါ စားဆီများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)