Main menu

လက်ပံတန်းမြို့၊ ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်း၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်  ကြက်သွန်နီအဟောင်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမတွေ့ရှိရဘဲ ကြက်သွန်နီအသစ်အကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်နီအသစ် (အသေး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ဇန်နဝါရီလ တတိယပတ်တွင်လည်း ကြက်သွန်နီအသစ်အကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်နီအသစ်အသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် လက်လီဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်း၊  ကြက်သွန်နီလက်ကားဈေးနှုန်းအနေဖြင့် ပိဿာချိန် (၁၀) မှစတင်၍ အိတ်လုံးဈေး ကြက်သွန်နီအကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီအသစ်များလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ကြက်သွန်နီအဟောင်းများမှာ ဈေးကွက်အတွင်း ဝင်ရောက်မှုမရှိတော့ဘဲ ရာသီကုန်၍ တုံးသွားပြီဖြစ်ကြောင်းသိရှိရပါသည်။ ကြက်သွန်နီအသစ်များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ခဲ့သော်လည်း ဈေးနှုန်းများကျဆင်းသွားခြင်းမရှိကြောင်းသိရှိရပါသည်။

     အာလူးဈေးကွက်အနေဖြင့် အာလူးတစ်ပိသာလျှင် ဇန်နဝါရီလ ဒုတိယပတ်တွင်  ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ယခုဇန်နဝါရီလ တတိယပတ်အတွင်း၌မူ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိနေသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)