Main menu

သာယာဝတီခရိုင်၏ ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးပြီးစီးမှု

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေအနေဖြင့် မတ်ပဲလျာထားဧက (၄၅၃၈၃၇)ဧက၊ ပဲတီစိမ်း (၆၈၄၂၅)ဧက၊ ပဲလွမ်းလျာထားဧက (၆၈၅၆)ဧက၊ ဘိုကိတ်လျာထားဧက (၂၈၂၆)ဧက၊ ပဲပုတ်လျာထားဧက (၂၀၆၀၈) ဧက၊ ကုလားပဲလျာထားဧက (၁၁၈၈၄) ဧက၊ ပဲကြီးလျာထားဧက (၂၇၁၆)ဧက၊ ပဲယဉ်းလျာထား ဧက (၃၉၃၃)ဧက၊ ထောပတ်ပဲလျာထားဧက (၃၁၆၆)ဧက၊ စားတော်ပဲ၊ စွန်တာနီ၊ ပဲနှောက်၊ ပဲဖြူလေးနှင့် အခြားပဲများကိုလည်း လျာထားလျက်ရှိပြီး စုစုပေါင်းလျာထားဧက (၅၇၉၄၆၅) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ဇန်နဝါရီလဆန်းတွင် ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲစိုက်ဧက (၄၄၇၁၂၀)ဧက၊ ပဲတီစိမ်းစိုက်ဧက (၆၈၅၂၈)ဧက၊ ပဲလွမ်းစိုက်ဧက (၁၀၂၃၅)ဧက၊ ဘိုကိတ်စိုက်ဧက (၃၇၆၁)ဧက၊ ပဲပုတ်စိုက်ဧက (၃၃၇၁၁)ဧက၊ ကုလားပဲစိုက်ဧက (၁၂၂၀၃)ဧက၊ ပဲကြီးစိုက်ဧက (၃၃၆၇)ဧက၊ ပဲယဉ်းစိုက်ဧက (၁၀၃၃၁) ဧကများနှင့် အခြားပဲများကိုလည်း အသီးသီးစိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြီးသည့် ဧကစုစုပေါင်း (၅၉၅၆၇၇) ဧကစိုက်ပျိုးပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေးဌာန၏ စာရင်းများအရသိရှိရပါသည်။

     သာယာဝတီခရိုင်တွင် အများဆုံးစိုက်ပျိုးသောသီးနှံမှာ မတ်ပဲသီးနှံဖြစ်ပြီး တောင်သူများအနေဖြင့် မတ်ပဲသီးနှံကို ရွေးချယ်စိုက်ပျိုးရခြင်းမှာ မတ်ပဲသည် သာယာဝတီခရိုင်၏ မြေအမျိုးအစားနှင့်ကိုက်ညီခြင်း၊ ရိတ်သိမ်းခူးဆွတ်ရလွယ်ကူခြင်းတို့ကြောင့်လည်း စိုက်ပျိုးရခြင်းဖြစ်ပါသည်။ စိုက်ပျိုးသောမတ်ပဲမျိုးများမှာ‌ ရေဆင်း(၂)၊ ရေဆင်း(၃)၊ ရေဆင်း(၅)၊ မတ်ပဲအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။ ဒုတိယအများဆုံးစိုက်ပျိုးသော ပဲတီစိမ်းသီးနှံမျိုးများမှာ ရေဆင်း (၁)၊ ရေဆင်း(၁၄) ဒေသမျိုး(ဝါးခယ်မမျိုး အစရှိသော ဒေသအခေါ်ပဲမျိုးများ) ကိုစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းဆောင်ရွက်မှုများအရသိရှိရပါသည်။

DOCA(ပဲခူး)