နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် MSMEs လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ မေတ္တာလမ်း “ယောကျ်ားကြီး” ငါးငါးပိလုပ်ငန်းရှင် ဦးကျော်လင်းဇော်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ထုတ်ကုန်များအရည်အသွေးပြည့်မီစေရေး၊ ကုန်ညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြရန်၊ လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ဈေးကွက်ရရှိမှုအခြေအနေ၊ လုပ်ငန်းချဲ့ထွင်နိုင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးတို့ကို အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)