ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် မူလွန်အမှတ် (၅)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက “လူငယ်နှင့်ခေါင်းဆောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာ သိပ္ပံကျောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ မျိုးမြင့်က “စားသုံးသူကာကွယ်ရေးအသိပညာပေး” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)