Main menu

ဆန်စပါးသိုလှောင်ခြင်းဆိုင်ရာ မှတ်ပုံတင်ကိစ္စဆွေးနွေးဆောင်ရွက်ခြင်း

Powered by Drupal

     ဆန်စပါးသိုလှောင်ထားရှိခြင်းများအတွက် ဆန်စပါးသိုလှောင်မှုမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်စက်လုပ်ငန်းရှင်များ၊ သိုလှောင်ရုံပိုင်ရှင်များနှင့် ဆန်စပါးပွဲစားလုပ်ငန်းရှင်များကို ပဲခူတိုင်း (အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးခရိုင်ဦးစီးမှုးတို့မှ သိုလှောင်ရုံမှတ်ပုံတင်ရာတွင် Online ဖြင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သတ်မှတ်ပုံစံများတွင် ဖြည့်စွက်၍ ဌာန၏ထောက်ခံတင်ပြရမည့်အချက်များ၊ ပူးတွဲတင်ပြဆောင်ရွက်ရမည့်အထောက်အထားများ၊ မြေပြင်ကွင်းဆင်းစစ်ဆေးချက်ဆိုင်ရာကိစ္စရပ်များ၊ Online ဖြင့်ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးမည့်ကိစ္စများကို (၂၃-၁-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့၊ သီရိဥဿာဈေးအပေါ်ထပ်ရှိ ပဲခူးကုန်စည်ဒိုင်၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)