ပဲခူးတိုင်းဒေသကြီးအတွင်း (၂၀၂၂-၂၀၂၃) ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုစုပေါင်း (၄၅၈၅၆၀) ဧကစိုက်ပျိုးခဲ့ပြီး ဆီဖူလုံမှု (၁၁၀.၈၄ )% ရှိခဲ့ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ် စိုက်ပျိုး ရာသီတွင် ဆီထွက်သီးနှံစုစုပေါင်း (၅၅၁၈၀၉)ဧကစိုက်ပျိုးထားလျက်ရှိပြီး ဆီဖူလုံမှုအနေဖြင့် (၁၆၇.၈၉)% အထိရရှိအောင် ဆောင်ရွက်ထားလျက်ရှိရာ ယခင်နှစ်ထက် (၉၃၂၄၉)ဧကတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ဆီဖူလုံမှုမှာ (၅၇.၀၅)% ပိုမိုတိုးတက်လာနိုင်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများကိုလည်း မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဗီယက်နမ်မြေပဲမျိုး (၆၉၄၄၉၄) တင်း၊ ဆင်းပဒေသာ -၁၁ (၃၆၃၄၁၄)တင်း၊ စုစုပေါင်း (၁၀၅၇၉၀၈)တင်း၊ နှမ်းသီးနှံတွင် ဆင်းရတနာ-၃(၅၀၄၆)တင်း၊ ဆင်းရတနာ-၄(၁၄၅၂)တင်း၊ ဆင်းရတနာ -၁၄ (၂၂၆၂)၊ စုစုပေါင်း (၈၇၆၀) တင်း၊ နေကြာရေဆင်းစပ်မျိုး နေကြာ -၁ (၉၀၂၆)ကီလို၊ ဆင်းရွှေကြာ-၂(၁၀၄၂၆)တင်း၊ မျိုးကောင်းမျိုးသန့်ရရှိအောင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း နှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုပိုမိုလာနိုင်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)