Main menu

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များရှိ တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ဦးစားပေးကုန်စည်အဖြစ်သတ်မှတ်ထားသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြစ်သည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်လိုအပ်သည့် ညွှန်ကြားချက်တို့ကို ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ၂၀၂၃ခုနှစ်၊  ဇူလိုင်လအတွင်း၌လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးကုန်စည်အဖြစ်သတ်မှတ်ခဲ့သော စားသုံးဆီအမျိုးမျိုးအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီအမျိုးအစား (၇၁) အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ (၆၈) မျိုး၌ ဖော်ပြရမည့်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိပြီး (၃)မျိုးမှာ သတ်မှတ်ချက်များနှင့်ပြည့်စုံမှုမရှိ၍ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီသို့တင်ပြ၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)