Main menu

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်များအတွင်း ဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသောမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းထားသည့်ဆေးဝါးများကို ရောင်းချနေမှုများရှိ/မရှိနှင့် အများပြည်သူများအနေဖြင့် ဘေးန္တရာယ်ကင်းရှင်းသော ဆေးဝါးများသုံးစွဲနိုင်ရေးတို့အတွက် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဆေးဝါးရောင်းချသောဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းပါဝင်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများသည် ဆေးဝါးရောင်းချသောဆိုင်များအနေဖြင့် အများပြည်သူ၏ အသက်နှင့်ကျန်မာရေးအတွက် လွန်စွာအရေးကြီးသည့်အတွက် ဆေးဝါးများနှင့်ပတ်သက်၍ သိရှိနားလည်ထားရန်နှင့် သက်ဆိုင်ရာဌာနများက သောက်သုံးရန်နှင့် သုံးစွဲရန်မသင့်ဟုသတ်မှတ်ထုတ်ပြန်ထားသော ဆေးဝါးများကိုလည်းရောင်းချခြင်းများမပြုလုပ်ကြရန်၊ ထုတ်ပြန်ချက်များကိုလည်း သက်ဆိုင်ရာဌာနများက နည်းလမ်းပေါင်းစုံဖြင့် အများပြည်သူနှင့် လုပ်ငန်းရှင်များပါမကျန်သိရှိနားလည်စေရန် ထုတ်ပြန်ပေးလျက်ရှိရာ ၎င်းထုတ်ပြန်ချက် များကိုလည်း အစဉ်တစိုက်စောင့်ကြည့်လေ့လာလိုက်နာကြရန်လိုအပ်ကြောင်း၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်ဆိုင်ဌာန၏ ထောက်ခံချက်မပါသောဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သော ဆေးဝါးများကိုလည်းရောင်းချခြင်းမပြုကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ၊ သတ်မှတ်ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာမှုများမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့  စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)