Main menu

ကျောက်ပန်းတောင်းမြို့နယ်၊ ကြံစို့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြံစို့ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၂၄-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကြံစို့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်မျာနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့်ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ခြင်း၊ Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center No. (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း တိုင်ကြားနိုင်ကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ဆိုးဆေးနှင့်ဆိုးဆေးအန္တရာယ်အကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ချိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မေဦးက လူကုန်ကူးမှုဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီး၊ ကျောင်းအကျိုးတော်ဆောင်တစ်ဦးကလည်း ယခုကဲ့သို့ အသိပညာများလာရောက်ဟောပြောဆွေးနွေးပေးပါသော စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ၊ စုစုပေါင်း (၁၉၅)ဦးတက်ရောက်ခဲ့ပြီး  နံနက် (၁၀:၁၅) နာရီအချိန်တွင် ဆွေးနွေးပွဲပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)