Main menu

“သာစည်မြို့နယ်အတွင်း တရားမဝင်ဆေးဝါးများရောင်ချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်၌ တရားဝင်မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား  စျေးကွက်အတွင်း ‌ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့မှုကိုသိရပါသည်။

DOCA(မန္တလေး)