ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘုရားကလေး ကွင်းကျေးရွာရှိ ဆန်းလှဝေဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဆန်စပါးဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ အချင်အတွယ် ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကြောင့် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ စနစ်တကျစွန့်ပစ် နိုင်ခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)