Main menu

ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုးကလေးမြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံမှုပေးထားမှုအပေါ် စာသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ဥပဒေပုဒ်မ ( ၄၁ )၊ ပုဒ်မခွဲ ( ခ ) နှင့် ( ဆ ) တို့ပါ ကုန်အညွှန်း အမှတ်အသား‌ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့်ကုန်ပစ္စည်းများ၊ သတိထား ရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊ တားမြစ်ရေးများကို အခါမလပ်ကြိုးစားအားထုတ် ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်းဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမ(၁၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀)ဦး၊ စုစုပေါင်း (၁၄၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)