Main menu

ပြည်စားတော်ပဲ လက်လီရောင်းဝယ်မှု ပိုအဖြစ်များပြီး ဈေးကောင်းရလျက်ရှိနေ

Powered by Drupal

   ပြည်ဈေးကွက်မှာ လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီး စသည့်သီးနှံများ လက်ကားရောင်းဝယ်မှုဖြစ်ကြပြီး လက်လီ‌ရောင်းဝယ်မှု အဖြစ်များသည့် ပဲမှာ ကျွန်ုပ်တို့ နံနက်စာတွင် နေ့စဉ်လိုလိုပါဝင်နေသည့် စားတော်ပဲ၊ သီးနှံ ဖြစ်ပါသည်။ စားတော်ပဲသီးနှံသည် လက်ကားသမား၊ လက်လီသမားရောင်းဝယ်မှု ပိုဖြစ်ပြီး နှစ်စဉ်လိုလို အခြားပဲများအားလုံးထက် ဈေးပိုရလျက်ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် နောက်ပိုင်း၊ ပဲဈေးနှုန်း ဈေးကွက်ဖြစ်သော  စားတော်ပဲသီးနှံဈေးမှာ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် (၁)သိန်းအထိ ဈေးကောင်းရရှိခဲ့ကာ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်မြင့်တက်လာခဲ့သည့် ပဲသီးနှံဖြစ်ခဲ့ပါသည်။ နှစ်စဉ် ဆက်လက်ဈေးကောင်းရလာပြီး ယခု ၂၀၂၄ နှစ်ဆန်းပိုင်းမှာလည်း ပဲတစ်တင်း (၁၂၅၀၀၀) ကျပ်ဖြင့် ပဲဟောင်းလက်ကျန်မှာ လက်လီဝယ်ယူမှုများဖြင့် ရောင်းဝယ်နေခဲ့ရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)