Main menu

“ ဒလမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့ကိုဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် ကမာကဆစ်ကျေးရွာ၊ စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး လစဉ်၊ လတိုင်း စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ်၊ ကမာကဆစ်ကျေးရွာ၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့ဈေးဆိုင်များရှိ စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)