Main menu

ပြည်ခရိုင်ဆန်စပါးဈေးကွက်

Powered by Drupal

   ပြည်ဈေးကွက်တွင် မိုးစပါးဈေးများမှာ ဈေးများ ဆက်လက်မြင့်တက်နေပါသည်။ ၂၀၂၄ ဇန်နဝါရီလမှစ၍ စပါးတင်း ၁၀၀လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ် ရှိရာမှ ယခု ဇန်နဝါရီ စတုတ္ထပတ်တွင် ကရင်မစပါးမှာ ၄၆ပေါင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် လျှင် ၇၆၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၂၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်ဖြင့် ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။ ဆင်းသွယ်ဆန် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ရတနာတိုးဆန်မှာ ၇၄၀၀၀ကျပ်၊ ကျော်ဇေယျ ဆန်မှာ ၇၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ကွဲ Extra တစ်အိတ်လျှင် ၅၁၀၀၀ကျပ် ၊ ဆန်ကွဲ 2,3,4 တစ်အိတ်လျှင် ၄၉၀၀၀ကျပ်၊ ဆန်ကွဲ 1,2  တစ်အိတ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ဖွဲနုတစ်ပေါင်လျှင် ၂၆၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

     ပြည်မြို့မှ ရန်ကုန်မြို့သို့ ဆန်တင်ပို့ရောင်းချမှုမှာ တစ်ပတ်လျှင် ရန်ကုန်သို့ ၃၁၅၀အိတ် တင်ပို့ ရောင်းချမှုရှိပါသည်။ စပါးဈေးများမှာဆက်လက်မြင့်တက်နေသော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)