စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၃၀-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အ.မ.က (၂) မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ကြောင်းသိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးဝင်းနိုင်က ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများကို အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတက်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ဟောပြောပွဲတွင် Grade -5 မှ ကျောင်းသား/ ကျောင်းသူ (၇၀) ဦးနှင့် ဆရာ/ ဆရာမ (၁၃) ဦး၊ စုစုပေါင်း (၈၃) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)