Main menu

“ကျောက်ဆည်ခရိုင်၏ ခရမ်းသီးစျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

   ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ခရမ်းသီးအလုံးသေး(မြုပ်ခရမ်း)နှင့် အလုံးကြီးမျိုး (555) မျိုးများကို နေရာဒေသအလိုက်စိုက်ပျိုးကြပြီး ကျောက်ဆည်မြို့နယ်ရှိ ပုန်းညက်ကျေးရွာ၊ အင်ရောင်းကျေးရွာနှင့် မင်းစုကျေးရွာများတွင်အများဆုံးစိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ နှစ်လခွဲသုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှစ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေး(မြုပ်ခရမ်း)မှာ ပိဿာ(၃၀၀-၄၀၀)ခန့်ထွက်ရှိပြီး အလုံးကြီးမျိုး (555) မှာ ပိဿာ(၅၀၀-၆၀၀)ခန့်အထိထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် အနည်းဆုံး (၄)လကျော်အထိခူးဆွတ်နိုင်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၈၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် စဉ့်ကိုင်မြို့ပေါ်ရှိ ပွဲစားများက အခင်းထဲအရောက် သုံးဘီးဖြင့်လာရောက်ဝယ်ယူကြောင်း၊ စျေးနှုန်းအနေဖြင့် ပွဲစားအလုံးသွင်းစျေး (၁)ပိဿာလျှင် အလုံးသေး(မြုပ်ခရမ်း)(၅၀၀)ကျပ်၊ အလုံးကြီးမျိုး (555) (၄၀၀)ကျပ်စျေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အလုံးကြီးမျိုးကို လူတိုင်းမနှစ်သက်သည့်အတွက် အရောင်းအဝယ်အေးကြောင်း၊ အလုံးသေး(မြုပ်ခရမ်း)မှာ ထမင်းဆိုင်များက ဖောက်သည်ယူသောကြောင့် အရောင်းအဝယ်ကောင်းပြီး စျေးနှုန်းမြင့်ကြောင်း၊ ရွာများမှဝယ်ယူလာသော ခရမ်းသီးများကို ပွဲစားများက ရန်ကုန်၊ မော်လမြိုင်နှင့် ညောင်တုန်းမြို့များသို့ တင်သွင်းဖြန့်ဖြူးရောင်းချကြောင်း ခရမ်းသီးစိုက်ပျိုး သော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)