Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံး Community Centre ခန်းမတွင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာ (Talk Show) ကျင်းပပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနခွဲတာဝန်ခံ ဒေါ်ဇာခြည်အောင် (ဦးစီးမှူး) သည် (၃၀-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပေါင်းစပ်၍ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်းသည့် (Talk  Show ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးက  Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းဌာနခွဲတာဝန်ခံက ဝန်ကြီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ကုန်သွယ်ရေးမူဝါဒ(၆)ရပ်နှင့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် (၁၅)ရပ်ချမှတ်ပြီး ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အသင်းအဖွဲ့များ/ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ MSME လုပ်ငန်းရှင်များ၏ တွေ့ကြုံရသည့်အခက်အခဲများ တင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ MSME လုပ်ငန်းများနှင့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် MSME Help Desk Center ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများနှင့် သတင်းအချက်အလက်များကိုသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ၊ ဖုန်းနံပါတ် ၀၅၈-၂၀၂၁၀၄၁ သို့ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ကရင်)