Main menu

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၂၈၉၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၀၄၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၇၉၀)ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

    ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၃၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၁၈၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၄၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၁၅)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၁၄၀)၊ ဓါတ်ဆီ(95 ) တစ်လီတာလျှင် ကျပ်(၁၄၅) ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၅) ယခင်အပတ်ထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)