Main menu

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ

Powered by Drupal

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးလျက်ရှိသည့် တောင်သူများအနေဖြင့် ဆောင်းသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးထားသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာ တာဝန်ရှိသူများက ကမာကေးကျေးရွာနှင့် ကော့မုပွန်ကျေးရွာတို့ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံသို့သွားရောက်၍ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

  တွေ့ဆုံပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးက (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေကိုရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများတင်ပြဆွေးနွေးသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် တောင်သူများအား ရွက်ဖျန်းမြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရှိရပါသည်။

      ချောင်းဆုံမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဆောင်းသီးနှံ နေကြာ (၃၁၇၀) ဧက၊ မြေပဲ (၉၅)ဧက၊ နှမ်း (၁၁) ဧကစိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများအနေဖြင့် သတ်မှတ်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာတတိယအပတ်မှစတင်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များဖြန့်ဝေပေးခြင်း၊ ဓာတ်မြေဩဇာများဖြန့်ဝေပေးခြင်းများနှင့် တောင်သူများလိုအပ်သည့် အထောက်အပံ့များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မွန်)