Main menu

မွန်ပြည်နယ်ဆန်ကုန်သည်များအသင်းပြန်လည်ဖွဲ့စည်း

Powered by Drupal

    မွန်ပြည်နယ်ဆန်ကုန်သည်များအသင်းပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆန်ကုန်သည်များအသင်းနာယက၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ စုစုပေါင်း (၃၇) ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယခင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်မည့် ဥက္ကဋ္ဌအသစ်အား လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ မိမိအနေဖြင့် ဥက္ကဋ္ဌနေရာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှစ၍ အနားယူမည်ဖြစ်ကြောင်းနှင့် အသင်း၏ နာယကအနေဖြင့် ဆက်လက်ကူညီ‌ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

    ဆက်လက်၍ တက်ရောက်လာသူများက အလုပ်အမှုဆောင်များအား ရွေးချယ်တင်မြှောက်ခဲ့ကြရာ နာယက၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်၊ ဘဏ္ဍာရေးမှူးအပါအဝင် စုစုပေါင်းအလုပ်အမှုဆောင် (၂၇) ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက  နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)