မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ (၂၅.၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးဧက(၁၅၀.၀)ဧက စိုက်ပျိုးသွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွာသာယာအုပ်စုရှိ ကွင်း(၂)ကွင်းမှ တောင်သူ(၂၈)ဦးအတွက် ဧက (၅၀.၀)ဧက၊ ကျောက်စံအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၄)ဦးအတွက် ဧက(၁၆.၀)ဧက၊ ကုလားပါးအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၁၅)ဦးအတွက် ဧက(၃၄.၀)ဧက၊ ကျောက်စစ်ပုံအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၁)ဦးအတွက် ဧက(၅၀.၀)ဧက၊ စုစုပေါင်း ကျေးရွာ အုပ်စု(၄)အုပ်စုမှ တောင်သူ(၄၈)ဦးအတွက် ဧက(၁၅၀.၀)ဧကအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အရပ်ရပ်အတွက် တောင်သူအစုအဖွဲ့တစ်ဖွဲ့တည်းအဖြစ် သာ ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်ရန်၊ ဖိတ်ခေါ်ထားသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများအနက်မှ တောင်သူ အစုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်၍ အဆိုပြုတင်ပြလာသည့် “တသစ်မြေကုမ္ပဏီလီမိတက်”အား ဝယ်ယူကြတ်ခွဲ၊ တင်ပို့ အစုအဖွဲ့အဖြစ် လက်ခံအတည်ပြုဆောင် ရွက်သွားရန်၊ သွင်းအားစုအစုအဖွဲ့အား တောင်သူလိုအပ် ချက်ရောင်းချပေးနိုင်၍ အဆိုပြု တင်ပြလာသည့် “တသစ်မြေကုမ္ပဏီလီမိတက်”အား သွင်းအားစု အစုအဖွဲ့အဖြစ် အတည်ပြုဆောင်ရွက်သွားရန်နှင့် တောင်သူများတောင်းခံလာသည့် သွင်း အားစုများအား ဒေသပေါက်ဈေးနှုန်းစီစစ်ချက်အရ နွေစပါး စီမံကိန်းတစ်ဧကအတွက် ယူရီယား(လုံးသေး N 46% ၅၀ ကီလိုအိတ်) (၂)လုံး ကျပ်(၁၆၀၀၀၀)၊ ပိုးသတ်ဆေး(ကာတက် ဟိုတ်ဓရိုကလိုရိုတ် ၂၅၀ ဂရမ်) (၂)ထုပ် ကျပ်(၄၀၀၀၀)၊ စုစုပေါင်းသွင်းအားစုတန်ဖိုး ကျပ်(၂၀၀၀၀၀)ကိုထုတ်ပေးသွားရန် စီစဉ် ထားရှိကြောင်း ဆွေးနွေးခဲ့မှုအပေါ် တောင်သူ(၄၈)ဦးမှသဘောတူညီသည့်အတွက် နွေစပါးဧက(၁၅၀) ဧကကို ပြည့်မီအောင်စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)