Main menu

ဘားအံမြို့၊ အ.ထ.က ခွဲ(၂) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)တို့သည် (၃၁-၁-၂၀၂၄)  ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူအခွင့်အရေးများအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ  ၎င်းအနေဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး (၁)ဦး၊ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ကြကာ  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)