Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ (၂၃) ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ မုံရွာ၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၄၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၅၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၈၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၃၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၁၀၀၊  မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်(၂၂၀၀/၂၁၀၀)၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)