Main menu

မုံရွာခရိုင်၏ (၁/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

   မုံရွာခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် (၂.၁.၂၀၂၄)ရက်နေ့တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ရွှေဖူးစံ" ဆီလုပ်ငန်းရှင်အားလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၃) တို့သည် (၅.၁.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “ရွှေသရဖူ” အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)