ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၃-၁-၂၀၂၄) ရက်နေ့မှ (၂၉-၁-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၆၅၇၂၀) အိတ်၊ ပေါ်ကျွဲ (၈၃၆၀) အိတ်၊ ဧည့်မထ (၁၄၄၆၀၀) အိတ်၊ ဆန်ကွဲ (၃၇၂၉၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၉၉၂၉) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၈၂၅၆) အိတ်၊ ငစိန် (၂၀၂၅) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပြင်ပမြို့နယ်များမှ ဧည့်မထ (၂၆၇၇၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)