Main menu

ကန့်ဘလူခရိုင်၏ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံ ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော်(အငယ်တန်စားရေး)တို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “ပြည့်စုံဝင်း” ၊ မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂၃.၁.၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့၊    ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ကမ္ဘာကျော်” ဆန်စက်လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ “ပြည့်စုံဝင်း”မုန့်မျိုးစုံလုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားများ တင်ပြလျှောက်ထားလာရာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြု‌ပေးနိုင်ခဲ့ပြီး အခြားသောလုပ်ငန်းရှင်များလည်း လျှောက်ထားလာစေရေး ဆက်လက်ကွင်းဆင်း တွေ့ဆုံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)