Main menu

တိုက်ကြီးမြို့နယ်၏ စားသောက်ကုန်ထုတ်လုပ်မှု

Powered by Drupal

    တိုက်ကြီးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စုတွင် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုး၍ စီမံကိန်းဖြင့် မြို့နယ်၌ထွက်ရှိသော သီးနှံများအား စီးပွားရေးဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်စေရန်နှင့် စားဝတ်နေရေး အဆင်ပြေစေရန်တို့အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်တင်နိုင်ရေး စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ မိသားစုဝင်များအနက် စိတ်ပါဝင်စားသူ (၁၅)ဦးမှ (၂၀)ဦးအထိ (၇)ရက်(တစ်ပတ်)ဖွင့်လှစ်ပေးခဲ့ပါသည်။

      သီးနှံယိုထုတ်လုပ်မှု၊ ဖျော်ရည်ထုတ်လုပ်မှုကို စက်ကိရိယာများနှင့် စနစ်တကျသင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများထံမှ ထူးချွန်သူ၊ စိတ်ပါဝင်စားစွာစီးပွားရေးလုပ်နိုင်မည့် (၁၀)ဦးအားရွေးချယ်၍ သီးနှံပိုင်းဆိုင်ရာသုံးစွဲပုံ၊ သုံးစွဲပစ္စည်းများနှင့် ဘေးအန္တရာယ်ကင်းဝေးသော ပစ္စည်းများကိုသုံးစွဲအသုံးပြုနိုင်ရန် စနစ်တကျဆောင်ရွက်ပေးခဲ့ပါသည်။ စက်ပိုင်းဆိုင်ရာများလိုအပ်ပါက အရစ်ကျရောင်းချပေးနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း ရှင်းလင်းပြသပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ဓာတုပစ္စည်းကင်းစင်သော မိမိမြို့နယ်ထွက်သီးနှံများ၊ သဘာဝယိုများ၊ ဖျော်ရည်များ “အသီးမှယို” “အသီးမှဖျော်ရည်” ရရှိမှုအတွက် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)