Main menu

တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးဆီရောင်းချမှု အသိပညာပေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မြို့မဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်း၊ စားသုံးဆီ၊ စားအုန်းဆီရောင်းချမှုများကို သိရှိလိုက်နာစေရန်အတွက် မြို့မဈေးအတွင်း စီးပွားရေးလုပ်ငန်းရှင် ဆီရောင်းချသူများနှင့်ဆွေးနွေးခဲ့ပါသည်။ အပတ်စဉ်ကွင်းဆင်းဆောင်ရွက်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနများနှင့်လည်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

     ကွင်းဆင်းစိစစ်ရာတွင် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များကိုလည်းကောင်း၊ အဓိကအမှတ်တံဆိပ်ဖြစ်သော ပုစွန်တံဆိပ်ပါ စားသုံးဆီများရောင်းချမှုမရှိစေရေးနှင့် ပြည်သူများလုံလောက်စွာရောင်းချပေးနေသော စားအုန်းဆီများအား ရည်ညွှန်းဈေး၊ ကုန်ကျစရိတ်နှင့် ၂%အမြတ်နှင့်သာရောင်းချပေးသွားရန်၊ ဈေးနှုန်းမှန်ကန်စွာရောင်းချရန်၊ မြို့နယ်တွင်းကျော်၍လည်းကောင်း၊ သိုလှောင်ခြင်း၊ ဈေးနှုန်း ပိုရောင်းချခြင်းမပြုလုပ်စေရန်နှင့် ပုစွန်တံဆိပ်ပါ စားသုံးဆီများရောင်းချ/ သိုလှောင်ခြင်း၊ စားအုန်းဆီများကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် နယ်ကျော်ခိုးထုတ်ရောင်းချမှုများတွေ့ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ/ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီများအား ပြည်သူများလက်ဝယ်ရရှိရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးနေပါသဖြင့် တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီတန်းစီးဝယ်ယူမှုမရှိတော့ဘဲ မိသားစုများအဆင်ပြေလုံလောက်စွာစားသုံးနိုင်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)