Main menu

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

Powered by Drupal

     တောင်ငူမြို့၊ ကန်လမ်းရှိ 555 စီပီကြက်အစာနှင့် ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၆၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၃၀ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် ယခင်ဇန်နဝါရီလ တတိယပတ်တွင် ၂၈၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၅၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။

        ဘဲဥမှာ အသေးတစ်လုံးလျှင် ၃၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၃၀ကျပ်မှ ၃၅၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသော ရုံးဝန်ထမ်းများအတွက် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း တောင်ငူမြို့ ၊ ကန်လမ်းရှိ 555 ကြက်ဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)