Main menu

ရှမ်းတောင်ပြောင်း ဈေးဆက်တိုက်ကျဆင်းနေ

Powered by Drupal

     ရှမ်းပြည်နယ် (တောင်ပိုင်း)က ထွက်ရှိတဲ့ပြောင်းတွေကတော့ ဆက်တိုက် ဈေးကျဆင်းနေလို့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ပြောင်းပွဲရုံတွေက သိရပါတယ်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းကလည်း ပြောင်းဈေးကျဆင်းခဲ့ပြီး၊ လပိုင်းအတွင်း ဈေးအနည်းငယ်ပြန် တက်ခဲ့ပေမဲ့ အခု၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ထပ်ပြီးဈေးကျသွား ခဲ့တာလို့လည်း ဆိုပါတယ်။ အရင်က ပြောင်းအဝယ်ဈေး  ၁၂၀ဝိ/- ၊ ၁၃၀ဝိ/-၊ကျပ်ကနေ အခု ၈၀ဝိ/- ဝန်းကျင်အထိ ကျဆင်း လာတာဖြစ်ပြီး ပွဲရုံတွေက  ၁၀၀ဝိ/- ဝန်းကျင်နဲ့ ပြန်ရောင်းနေတယ်လို့သိရပါတယ်၊ လတ်တလောအခြေအနေတွေကြောင့် အဓိကဝယ်ယူနေတဲ့  ထိုင်းနဲ့ တရုတ်ကို တင်ပို့ဖို့ခက်နေပြီး၊ နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့်လည်း ပြောင်းဈေးကကျလာ တာဖြစ် တယ်လို့လည်း သိရပါတယ်၊ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြောင်းစိုက်တောင်သူတွေများမှာ၊ ကုမ္ပဏီဘက်က မျိုးစေ့များထုတ်ပေးတာမျိုးရှိပေမဲ့ မြေဩဇာ၊ ပိုးသတ်ဆေးကိုတော့ ထုတ်ပေးခြင်း မရှိသလို စိုက်ပျိုးရေးချေးငွေတွေလည်းမရှိတော့လို့ အခက်အခဲဖြစ်နေရတယ်လို့လည်း သိရပါတယ်။

    အရင်နှစ်တွေက ပြောင်းဈေးကျပေမဲ့ နေ့စားလုပ်အားခတွေဟာ တစ်ရက်ကို ၄၀၀ဝိ/- ၅၀၀ဝိ/- ပဲ၊ပေးရတာကြောင့် တောင်သူတွေအတွက် စရိတ်ကာမိခဲ့ပေမဲ့ ၊ ဒီနှစ်အတွင်းမှာ ကုန်ဈေး နှုန်းတက်လာတာနဲ့အတူ လုပ်သားခကလည်း တစ်ရက်ကို ၁၀၀ဝိ/-မှ ၂၀၀၀ဝိ/- ထိ ပေးနေရတာ ကြောင့် ပိုပြီးအရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။ ‌

     ပြောင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)က၊ ပင်လောင်း၊ ဆီဆိုင်၊ညောင်ရွှေ၊ကလော စတဲ့မြို့နယ်တွေမှာ စိုက်ပျိုးကြပြီး၊ တနိုင်ငံလုံးရဲ့ စိုက်ပျိုးမှု ၄၉ ရာခိုင်နှုန်းခန့်ဟာ ရှမ်းပြည်နယ် အတွင်းက ဖြစ်တယ်လို့လည်း စိုက်ပျိုးရေးသတင်းရင်းမြစ်ကသိရပါတယ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်းမှ ပြောင်းတန်ချိန် တစ်သိန်းခန့်ကို ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး၊ ၆၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံကို တင်ပို့တယ်လို့ ပြောင်းလုပ်ငန်းရှင်အသင်းကထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)