Main menu

ဈေးကွက် ဦးမော့လာသည့် သကြား

Powered by Drupal

    အယ်လ်နီညို ရာသီဉတုကို ရင်ဆိုင်ရန်ပြင်ဆင်နေသည့် အာဆီယံနိုင်ငံ အချို့၏ဝယ်လိုအား ကမ်းလှမ်းချက်များကြောင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များဖြစ်သော သကြား၊ ပြောင်း၊ နှမ်းတို့၏ ဈေးကွက်မှာ ဦးမော့လာပါတယ်။ ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်သက်သာခွင့်ကြောင့် သကြားကိုတိုးမြှင့် တင်ပို့ရောင်းချလာနိုင်ကြောင်း သိရှိရပါတယ်။

     နိုင်ငံတကာဈေးကွက်တွင် သကြားဈေးမြင့်တက်ချိန်၊ နိုင်ငံအတွင်း သကြားလက်ကျန် နည်းနေခြင်းကြောင့်၊ ပြည်တွင်း သကြားဈေး နှုန်းမှာလည်း အနည်းငယ် လိုက်တက်လာပါတယ်။  မြန်မာ့သကြားကို ဝယ်ယူဖို့ ဗီယက်နမ်နိုင်ငံ ကုမ္ပဏီတွေက ကမ်းလှမ်း တာတွေရှိလာလို့ ဒီနှစ်မှာ သကြားတင်ပို့မှုအပိုင်း အရင်နှစ်ကထက် ပိုတိုးပြီး ပို့ဆောင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။ ပြည်ပကို သကြားတင်ပို့မှု မြင့်တက်လာမှုနဲ့အတူ မြန်မာ့သကြားဈေးကလည်း အများကြီးကျ ဆင်းနိုင်ဖွယ်မရှိသလို၊ ထပ်မံမြင့်တက်လာနိုင်ဖွယ်မရှိကြောင်း၊ ပြည်ပတင်ပို့ရာမှာလည်း ပြည်တွင်း စားသုံးမှု ဖူလုံပြီး ပိုလျှံသည့်ပမာဏကိုသာ တင်ပို့သာဖြစ်လို့ ပြည်တွင်းလိုအပ်ချက်လည်းပြည့်မီမှာ ဖြစ်တယ် လို့လည်းသိရပါတယ်။

      ရှမ်းပြည်နယ် ဈေးကွက်မှာ သကြားလက်လီဈေး ကတော့ တစ်ပိဿာကို ၂၀၂၃ ခုနှစ်မှာ ၃၇၀ဝိ/- မှ နှစ်ဆုံးခါနီးမှာ ၄၂၀ဝိ/- ဈေးရှိခဲ့ပြီး၊  ၂၀၂၄ ခုနှစ် နှစ်စမှာလည်း ၄၂၀ဝိ/- ဈေးနဲ့  ဈေးငြိမ်လျက်ရှိနေပါတယ်။  မြန်မာ့သကြားဈေးကွက်ဟာ၊ ကမ္ဘာ့သကြားဈေးကွက်အတက်အကျနဲ့ ပြည်တွင်းသကြားလက်ကျန် အနည်းအများပေါ်မူတည်ပြီး  ဈေးနှုန်းအပြောင်းအလဲဖြစ်သလို၊ နယ်ဈေးကွက်ကတော့ ရန်ကုန်၊မန္တလေး ဈေးကွက်ပေါ်မှာမူ တည်ပြီး ပြောင်းလဲမှုရှိတယ်လို့ သိရပါတယ်။

DOCA(ရှမ်း)