Main menu

မကွေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၃-၂-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄)၌ တက်ရောက်လာကြသော အသင့်သောက်အချိုရည်အမျိုးမျိုးထုတ်လုပ်ရောင်းချမည့် လုပ်ငန်းရှင်(၁၃)ဦးတို့ထံသို့သွားရောက်၍ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါအစည်းအဝေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင် (ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံရမည့်အချက်များကိုပြောကြားခဲ့ပြီး ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)