၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁/၂၀၂၄)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း(၁၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး၏ (၅/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်သည် အမှာစာ (၇) စောင်ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)