Main menu

ရွှေပြည်သာမြို့နယ်ရှိ သံချောင်းဈေးနှုန်းအခြေအနေ

Powered by Drupal

     မြောက်ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော ရွှေမေတ္တာဆိုင်သို့သွားရောက်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် သံချောင်းဈေးနှုန်းများမေးမြန်းခဲ့ရာ သံချောင်းအမျိုးအစားများဖြစ်သော HRB 400 Local နှင့် H Bean, Hollow Original သာရောင်းချကြောင်းသိရှိရပါသည်။ HRB 400 တွင် 10M, 12M, 16M, 18M, 20M, 25M ရှိပြီး ယခင်အပတ်ထက် ယခုအပတ်တွင် တစ်မျိုးလျှင် (၅)သောင်းကျပ်မှ (၁)သိန်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပြီး H Bean နှင့် Hollow Original မှာလည်း (၁)သိန်းကျပ်မှ (၁)သိန်း၊(၅)သောင်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်လာသောကြောင့်ဖြစ်သည်ဟု စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)