မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊ အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၆၀၀၀ /၁၇၀၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၉၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ၇၂၀၀ /၇၃၀၀ ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၅၆၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၆၀၀၀ / ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၇၀၀၀) ၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/ ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၆၅၀၀/၇၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၇၀၀) တို့ဖြင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀) ရှိကြောင်းသိရှိရပါသည်။
အဆိုပါဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အသားတိုးကြက်နှင့် မွေးမြူရေးကြက်ဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လာပြီး ကုန်အဝင်ပိဿာပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ကုန်စည်စီဆင်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)