Main menu

တရုတ်နှစ်သစ်ကူးပွဲတော်နီးလာ၍ သစ်သီးမျိုးစုံ အလွန်ရောင်းကောင်း

Powered by Drupal

    မန္တလေးမြို့ ၃၄လမ်း၊ (၇၄-၇၆) လမ်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တရုတ်ညဈေးတန်းတွင် နေ့လယ် (၃း၃၀)နာရီအချိန်မှ ည (၇:၀၀)နာရီအအချိန်ထိ တရုတ်အစားစားနှင့်သစ်သီးမျိုးစုံရောင်းချသော ညနေဈေးလေးဖြစ်ပါသည်။ အခြားရက်များထက် တရုတ်နှစ်သစ်ကူးပွဲတော်ရက်နီးလာသဖြင့် တရုတ်ရိုးရာပစ္စည်းများ၊ အသီးအနှံများ၊ ကောက်ညှင်းဖြင့်ပြုလုပ်သော၊ ရိုးရာနှစ်သစ်ကူးတင်ရာတွင် မပါမဖြစ်သော အီကွေ့ကောက်ညှင်းမုန့်ဝိုင်းများမှာ အရောင်းသွက်လျက်ရှိပါသည်။ မန္တလေးမြို့အနီးတဝိုက်ဒေသများမှထွက်ရှိသည့် ထိုင်ဝမ်ဆီးသီး(၁၀)လုံးလျှင် (၁၅၀၀-၂၀၀)ကျပ်၊ မာလကာသီး ၁လုံးလျှင် (၇၀၀-၁၀၀၀)ကျပ်၊ သင်္ဘောသီး၁လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်၊ သခွားဝါသီး ၁လုံးလျှင် (၂၀၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး ၂၅ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ တရုတ်ဘက်မှဝင်ရောက်လာသည့် ပန်းသစ်တော်သီးတစ်လုံးလျှင် (၂၅၀၀-၃၅၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ စပျစ်သီး ၂၅ကျပ်သားလျှင်(၄၅၀၀-၅၀၀၀)ကျပ်၊ လီမွန်သီးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ပန်းလိမ္မော် ၂၅ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)